ကြည်နူးရိပ်မွန်

ညီအစ်ကိုမောင်နှမများအားလုံးကို ကြည်နူးရိပ်မွန်ကကြိုဆိုပါတယ်...

အချစ်ဆိုတာ အစမှာချိုမြိန်စေပါတယ်........

အချစ်ဆိုတာ အစမှာချိုမြိန်တယ်

ဘေးနားမှာ သူရှိနေမယ် သင့်အတွက်ဝေမျှပေးမဲ့သူရှိမယ်

သင်အထီးမကျန်တော့ဘူး သူသင့်ကို သတိရနေမယ် လွမ်းနေမယ်

ဘာပဲလုပ်လုပ် အတူတူရှိနေရင် အားလုံးဟာ ပျော်စရာတွေပဲ

ဒါပေမဲ့ ရင်းနှီးလာလေ တစ်ဘက်သူရဲ့အားနည်းချက်တွေကို မြင်လာမယ်

သင်စိတ်ရှုပ်လာမယ် သင်လက်မခံနိုင်တဲ့အထိဖြစ်လာမယ် တစ်ယောက်ယောက်နဲ့ သင်
နှိုင်းယှဉ်နေမယ်

သင်နဲ့ သူနဲ့ လိုက်ဖက်တယ်မလိုက်ဖက်ဘူးဆိုတာကိ
ု သင်သိလား။

အချစ်ဆိုတာ ကျောက်ခဲတစ်လုံး ကောက်ရသလိုပေါ့.. ကျောက်ခဲပေါင်းများစွာထဲမှ
ရွေးကောက်နေတာ။

မကြိုက်လို့ဆိုပြီး ဒီကျောက်ခဲကိုပစ် နောက်ကျောက်ခဲကို ကောက်လိုက်နဲ့
ဆိုရင် ဘယ်ပြီးတော့မလဲ။

ကိုယ်ကောက်လို့ရထားတဲ့ ကျောက်ခဲကိုပဲ အမြတ်တနိုးနဲ့ ထားရင် ကျောက်ခဲက
အဖိုးတန်တဲ့ ကျောက်မျက်ဖြစ်နေမယ်။

ကြာရင် ပျင်းလာတယ် ငြီးငွေ့လာတယ် လို့ သင်တို့ ထင်ကြမယ်..

မှားတယ်..

ဒါဟာ ဥပမာတစ်ခုနဲ့ပြောပြချင်တယ်

စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေတဲ့
လူလတ်ပိုင်းယောင်္ကျားလေးတစ်စုရဲ့စကားသံ

“လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ငါ့မိန်းမ ကို ငါလိုက်တုန်းက သူက
ပုဇွန်စားချင်တယ်ပြောတာ ငါ ၁၀ကောင်အခွံခွါပေးတယ်၊ ခုဆိုရင်
သူခွါခိုင်းရင် ခွါပေးဖို့နေနေသာသာ….”

ဒါကို သူကြွားစရာလို့များ ထင်နေလားမသိဘူးနော်…
သူ့ရဲ့အိမ်ထောင်ရေးဘယ်လောက်ကျရှုံးနေတယ်ဆိုတာကြေငြာနေတလိုပါပဲ……

နောက်တစ်ခုပြောချင်သေးတယ်

ကောင်မလေးကို ချစ်စခင်စကြင်နာစတုန်းကတော့ ရုံးလာကြိုလိုက် ဖုန်းဆက်ပြီး

စားပြီးပြီလားမေးလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ လင်မယားလဲဖြစ်ရော

ဈေးခြင်းတောင်းကို ဗိုက်တစ်လုံးနဲ့ သယ်နေတာကို သိရက်နဲ့

မမြင်ချင်ယောင်ဆောင်တယ်။

အသက် ၇၀ ရှိတဲ့ လင်မယားဟာ ခုချိန်ထိ ဘုရားကျောင်းတက်ပြီး
သူတို့ရဲ့မင်္ဂလာပွဲကို ခုထိ ကျင်းပနေရတာကော ဘာကြောင့်ပါလဲ….

ရွှေရတုတွေဘာတွေမဟုတ်ပဲ မင်္ဂလာပွဲတစ်ခုကို အမြဲလိုလို ကျင်းပနေကြတယ်။

သူတို့ကို အားမကျဘူးလား…..

လူတွေက ရယူပိုင်ဆိုင်ပြီးရင် အလေးမထားကြဘူး

လက်ထက်ခြင်းက လူတွေကို ပျင်းရိစေတယ် မပြောချင်ဘူး၊ မနားထောင်ချင်ဘူး၊

တစ်ယောက်အတွက်တစ်ယောက်က အံ့သြအောင် ပျော်ရွှင်အောင်မလုပ်ပေးတော့ဘူး။

လင်မယားမဖြစ်ခင်ထိတော့ ဘယ်လိုပြောရင်ကောင်းမလဲ။ ဘာလုပ်ပေးရင်ကောင်းမလဲနဲ့။

အမှန်တော့ ရည်းစားနဲ့ လင်မယားကအတူတူပါပဲ။ ပိုခိုင်မြဲအောင်တလောကလုံးသိအောင်
ကြေငြာထားတာပါ။

အမြဲချစ်နေကြဖို့ မပျင်းဖို့ပဲလိုတယ်။ သူ့အတွက်နဲ့ အမြဲနိုးကြားနေရမယ်။

နောက်ဥပမာတစ်ခုက…ချစ်သူရည်းစားချိန်းပြီး ညနေစာစားဖို့ ကောင်မလေးကို

ကောင်လေးစောင့်နေတာ မိနစ်၃၀ကြာပြီ။ ကောင်မလေးက မထင်မှတ်တဲ့

ရုံးအလုပ်ပေါ်လာတာနဲ့ မိုးရွာတာနဲ့ဆိုတော့ နောက်ကျသွားတယ်။

ဒါကို ကောင်လေးက “အမြဲနောက်ကျနေတ်ာပဲ ဒီလိုစောင့်နေရတာ

ငါစားချင်စိတ်တောင်မရှိတော့ဘူး။”လို့ပြောတော့ ကောင်မလေး ရင်ထဲမှာ

အမောဆို့သွားတဲ့အပြင် ဒီအချစ်ခရီးလမ်းကို လျှောက်ဖို့

သူ့မှာအင်အားမရှိတော့ဘူး။

ဒီနေရာမှာ မိုးရွာထဲရောက်အောင်လာတဲ့ ကောင်မလေးကို
“အလုပ်များနေလို့လားအဆင်ပြေသွားပြီလား”ဆိုပြီး မိုးစက်လေးတွေကို

သုတ်ပေးရင်……ဘယ်လောက်ကောင်းမလဲကွယ်။

နားလည်ပေးပါ……….

အချစ်ရဲ့လှပမှုဆိုတာ သင့်ပေါ်မှာမှုတည်တယ်…

တစ်ယောက်နဲ့တစ်ယောက်ရဲ့အချစ်တွေကမတူဘူး။ ချစ်ပုံတွေကွဲကြတယ်။

တစ်ယောက်ယောက်ကိုချစ်ရင် သူ့ကိုနားလည်ရမယ်။

တောင်းပန်ရမယ်။ ကျေးဇူးတင်ရမယ်။

အမှားသိပြီး ပြင်တတ်ရမယ်။ယုယရမယ်။

လက်ခံရမယ် သည်းခံခိုင်းတာမဟုတ်ဘူး။

ခွင့်လွတ်ရမယ် အလိုလိုက်ခိုင်းတာမဟုတ်။

အားပေးရမယ် မြောက်ပင့်ခိုင်းတာမဟုတ်။

မေးဖော်ရရမယ် စစ်ဆေးမေးမြန်းခိုင်းတာမဟုတ်။

ရင်ဖွင့်ရမယ် ပေါက်ကွဲခိုင်းတာမဟုတ်။

မေ့မရနိုင်တာလေးတွေဖန်တီးရမယ် နောင်တရခိုင်းတာမဟုတ်။

အချင်းချင်းဖလှယ်နေရမယ် အရာအားလုံးကို သင်ကသိနေရမှာမဟုတ်။

သူ့အတွက်ဆုတောင်းပေးနေရမယ် သူ့ကိုပူလောင်မှုတွေ
မဖြစ်နိုင်တာတွေလုပ်ခိုင်းတာမဟုတ်။

သာယာကြည်နူးရမယ် ငွေဖြုန်းခိုင်းတာမဟုတ်။

အချိန်မရွေး လက်တွဲလို့ရတယ် ဒါပေမဲ့ ဒီတွဲလက်ကို
အချိန်မရွေးလွတ်လို့ရတာမဟုတ်………………..

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင်
အချစ်ကမြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။

လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။

လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။

အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။

အကောင်းဆုံးကိုရဖို့မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ
ရမယ်။

မောင့်ကိုချစ်သောခါဝယ်....

မောင့်ကိုချစ်သောခါဝယ်....


မောင့်ကိုချစ်သောခါဝယ်....
ရင်ဝယ်မသိ တုန်ခါမိသည့်
ငါ၏နှလုံးသား ချစ်ခြင်းတရားကို
မောင့်အပြုံးက ဖန်စားနိုင်စေ
မေတ္တာတွေနှင့်...

မောင့်ကိုချစ်သောခါဝယ်....
အိုကွယ် ဘယ်ရွေ့ ဘယ်မျှမနိုင်
မောင်ပိုင်စားစေ
ငါရှင်သန်ရာ ငါ့ကမ္ဘာမြေ...

မောင့်ကိုချစ်သောခါဝယ်....
မောင်ကြည်နူးရာ မေတ္တာကမ္ဘာသည်
ငါ့ရင်၌သာ ဖြစ်တည်စေချင်
ထာဝစဉ်…..

မောင့်ကိုချစ်သောခါဝယ်....
မောင်စေညွှန်ရာ ထိုထိုရာသည်
ငါ့သွေးသားနှင့် ရင်းလိုရာသော်
ဝမ်းသာပီတိ ကြည်နူးမှုဖြင့်
မောင့်ခြေဖျားမှာ
ခတွားဝပ်ယ ရှိစေမည်…

မောင့်ကိုချစ်သောခါဝယ်....
မောင်ရှင်သန်ရာ မောင့်ကမ္ဘာသည်
ငါ၏မေတ္တာ ငါ့သစ္စာကြောင့်
အေးချမ်းသာယာ ရွှင်လန်းစွာဖြင့်
ငါ၏ချစ်ခြင်း မောင့်ချစ်ခြင်းသည်
တည်မြဲရှည်ကြာ ခိုင်မာစေသော်……

                                    ကြည်နူးရိပ်မွန်

အချစ်ဆုံးရဲ့နွေဦးပန်းချီ...

             သူမဘ၀မှာ အချစ်ဆိုသောအရာကို ၁၆ နှစ်သမီးလောက်ကတည်းက ထိတွေ့ခဲ့မိ၏...ဘာရယ်မဟုတ် သူများထားတော့ ကိုယ်လည်းထားချင်မိသည်။ အတန်းထဲမှာဆို ရည်းစားမရှိလျှင် မျက်နှာပဲငယ်ရတော့မလိုလို.....။ ထိုအချိန်က ဒါတွေက popular တစ်ခုလိုပင်..။    
          ဒီလိုနှင့်ပဲတစ်နှစ်တစ်တန်းရည်းစားတွေမှန်မှန်လေးထားလာခဲ့မိသည်...ထိုအချိန်ထိကျွန်မထားခဲ့သော ရည်းစားများသည် ကျွန်မအတွက် ဘာခံစားမှုမှ မပါသော အရုပ်ကလေးများသာ ဖြစ်ခဲ့သည်။ရည်းစားက တစ်နှစ်တစ်ယောက်မှန်ခဲ့ပေမဲ့ ဆယ်တန်းရောက်တော့ ကျွန်မစာမေးပွဲကျတော့သည်။ကျသည်မှာ နည်းသေးသည်ဟု သူငယ်ချင်းများက ပြောလာကြ၏..ကျွန်မကတော့သူတို့မနာလို၍ ပြောသည်ဟုသာ သတ်မှတ်လိုက်သည်။ဟုတ်သည်လေ ကျွန်မက သူတို့ထက်တော်ခဲ့သည်ကိုး.. (ရည်းစားထားသည့်နေရာတွင်)... :P။ဒီလိုနှင့်ဆယ်တန်းကိုအောင်မြင်နိုင်ရန်နှစ်နှစ်ဆက်တိုက်ကိုယ်ဖိရင်ဖိကြိုးစားလိုက်ရသည်။အောင်ခဲ့ပါသည်။တစ်ဘာသာလေးဆယ်စွန်းရုံမျှဖြင့်(ကြွားသည်လို့တော့မထင်လိုက်ပါနှင့်..:P) ဆယ်တန်းပြီးတော့ ရန်ကုန်ကိုလာသည်။Speaking နှင့် English စာသင်တန်းတက်သည်။ရောက်လေရာစွံတက်သော ကျွန်မ၏အရည်အချင်းများကြောင့်ကျွန်မနှင့်မောင်တို့အကြည့်ချင်းဆုံရင်ခုန်ခဲ့ကြလေသည်ပေါ့..ဒီလိုနှင့်ပဲရိုမီ့ရိုနဲ့ဂျူးလီးယက်လိုဇတ်လမ်းလေးစခဲ့လေသတည်းပေါ့နော်...။ သိပ်မကြာခင်အချိန်လေးအတွင်းမှာပဲမောင်နှင့်ကျွန်မချစ်သူဖြစ်ခဲ့ကြသည်။အချစ်ကိုအလေးအနက်မထားတတ်ခဲ့သော ကျွန်မသည် မောင်နှင့်တွေ့မှပဲ အချစ်ကို ကိုးကွယ်လာခဲ့မိသည်။ဒါတွေဟာလည်း မောင့်၏စွမ်းရည်တစ်ခုပဲ ဖြစ်သည်။မောင်ကကျွန်မကိုအရမ်းချစ်သည်..အရမ်းလည်းသ၀န်တိုတတ်သည်..အပေါင်းအသင်းများသောကျွန်မနှင့် တစ်ကိုယ်တည်း နေတတ်သော စကားနည်းသောမောင်သည် ဘယ်လိုမှမလိုက်ဖက်ခဲ့ပေမယ့် တော်တော်လေးကိုချစ်ခဲ့ကြပါသည်။မောင်ကကျွန်မ Toilet သွားသည်ကအစ စိတ်မချဟုဆိုကာ အပေါက်ဝထိလိုက်ပို့ကာ ပြန်ထွက်လာသည့်အထိစောင့်သည်။လမ်းသွားလျှင်တောင်ကောင်လေးတွေနှင့် အသားချင်းထိမှာစိုးလို့ဟုဆိုကာ ကျွန်မပုခုံးကိုဖက်ပြီး ညာဖက်ကယောကျာင်္းလေးတစ်ယောက်လာလျှင် ကျွန်မကိုဘယ်ဖက်ပို့ကာ သူကညာဖက်ကိုသွားသည်။သည်လောက်ထိ အရမ်းသည်းတဲ့မောင်ပါ..လမ်းသွားလျှင်မောင့်ကိုကြည့်၍ ကျွန်မအရမ်းရယ်ချင်မိသည်။သူ့ကိုလည်း ကျွန်မက"ရန်ကုန်မှာနေပြီး Date out နေတဲ့တောသား"ဟု အမြဲပြောသည်။ထိုသို့ပြောလိုက်တိုင်း မျက်မှောင်ကုတ်ကာကြည့်တတ်သောမောင့်ပုံစံကို ကျွန်မအရမ်းပဲ မြတ်နိုးခဲ့ရသည်....။
         မောင်သည် ကျွန်မအပေါ်အနွံတာခံသလောက် စိတ်ကလေးလည်းကောက်တတ်သည်...ဘယ်သောအခါမှ ကျွန်မမောင့်အပေါ်စိတ်ကောက်ခဲ့သည်ဟု ခုချိန်ထိမရှိခဲ့ဖူးသေးပါ...မောင့်ကိုကျွန်မအရမ်းချစ်ပါသည်..ကျွန်မရင်ထဲမှာခံစားခဲ့ရဖူးသော အချစ်တွေသည် မောင်နှင့်တွေ့သည့်အချစ်နှင့် လုံးဝမဆိုင်ခဲ့ပါ...မောင်ပြုံးလိုက်တိုင်းချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးတွေ...ချစ်စရာသွားထပ်ကလေးနဲ့...မောင်ပျော်ရွှင်သွားတိုင်း လုပ်တတ်တဲ့ မျက်နှာအမူအရာလေးတွေဟာ ကျွန်မအတွက်တော့အရမ်းချစ်ဖို့ကောင်းတဲ့ မောင့်ရဲ့ပုံရိပ်တွေပါပဲ...မောင်ကရည်းမှန်းချက်ပြင်းထန်သူတစ်ယောက်ဖြစ်သည်..မောင်ဖြစ်ချင်ခဲ့သော ဆန္ဒတွေကိုတကယ်ဖြစ်အောင်လည်းမောင်လုပ်နိုင်မည်ဟု ကျွန်မယုံကြည်သည်...ကျွန်မကတော့အရာရာကိုအလေးအနက်မထား ပေါ့ပေါ့တန်တန်နဲ့ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့သည်..ကျွန်မအားလျှင်ရုပ်ရှင်ကြည့်မည်..shopping ထွက်မည်။ဒါတွေကိုပဲ ကျွန်မကအလုပ်တစ်ခုဟုသဘောထားခဲ့မိသည်...။သည်အကျိုးဆက်တွေဟာ တစ်ချိန်မှာ ဆိုးရွားတဲ့အကြောင်းတစ်ခု ဖြစ်ခဲ့မည်ဟု ကျွန်မတွေးပင်မတွေးခဲ့ဖူးပါ...
      ဒီလိုနှင့်မောင်နှင့်ကျွန်မတွဲတာတစ်နှစ်ပြည့်တော့မည်။ပျော်ခဲ့သည်မှာလည်း အတိုင်းအဆမရှိခဲ့....မောင်ကMC တက်နေချိန်မှာကျွန်မကတော့ Distance နှင့်ပဲရိုးရိုးမေဂျာကိုယူခဲ့မိသည်။အကြောင်းပြချက်ကတော့ ကျွန်မအခြားInstituteများကို မလိုက်နိုင်ဟုဆိုကာ မိဘများကို ဖြေရှင်းချက်ပေးခဲ့သည်။တကယ်တော့မောင်နှင့်ခွဲပြီး နယ်ကိုပြန်ကာ ကျောင်းမတက်ချင်လို့သာဖြစ်သည်။မောင်ကကျွန်မကို နယ်ကိုပြန်ပြီးကျောင်းတက်ဖို့ပြောသည်...ခေါင်းမာတတ်သောကျွန်မက ခေါင်းလည်းမခါခဲ့သလို ခေါင်းလည်းမငြိတ်ခဲ့ပါ..သည်လိုနှင့်မောင့်ဘေးနားမှာတောက်တဲ့တစ်ကောင်လိုအမြဲတွယ်ကပ်နေခဲ့သည်..။ကျွန်မကိုကျွန်မလည်း ကျွန်မသာမောင့်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ခံယူထားခဲ့မိသည်..။ မောင်နှင့်အတူလျှောက်ခဲ့တဲ့လမ်းလေးတွေကို   ပန်းခင်းလမ်းလို့ကျွန်မထင်မှတ်ခဲ့ဖူးသည်...မောင်နှင့်အတူ ထိုင်နေကျဖြစ်သော လဘက်ရည်ဆိုင်လေးကိုလည်း ကျွန်မဖြတ်လျှောက်တိုင်း ချစ်ခြင်းများဖြင့်  အမြဲကြည့်ခဲ့ဖူးသည်..မောင်သုံးခဲ့တဲ့တစ်ရှုးလေးကအစ ကျွန်မအမြတ်တနိုးသိမ်းထားခဲ့ဖူးသည်..ယောကျာင်္းလေးဖြစ်ပြီး အသန့်အပြန့်အလွန်ကြိုက်သောမောင့်ကို ကလေးတစ်ယောက်လိုမြတ်နိုးစွာ ငေးကြည့်ခဲ့ရဘူးသည်..ယောကျာင်္းလေးတန်မဲ့ ဖြောင့်စင်းသွယ်တန်းနေသော မောင့်ရဲ့လက်ချောင်းလေးတွေကို ကျွန်မတပ်မက်စွာနမ်းရှိုက်ခဲ့ဖူး၏..စကားပြောတိုင်းမောင့်ရဲ့ သြရှရှအသံလေးကိုသီချင်းတစ်ပုဒ်နားထောင်နေရသလို ခံစားခဲ့မိ၏..မောင်မရှိလျှင်ကျွန်မဘ၀ ပျောက်ဆုံးသွားတော့မည်ကဲ့သို့ ခံစားရလောက်အောင် ကျွန်မခံစားရကာ အချစ်ကိုရူးသွပ်ခဲ့မိပါသည်..။
    မောင်ကလည်းကျွန်မကို တစ်ခါတစ်ရံသူပဲကလေးလို ဆိုးနွဲ့လိုက် လူကြီးတစ်ယောက်လိုဆုံးမလိုက်နှင့် အပြန်အလှန်နားလည်မှုတွေဖြင့်အချိန်တွေကိုကုန်ဆုံးစေခဲ့ပြန်သည်။ကျွန်မကလည်းမောင်မကြိုက်ဟုဆိုသောအရာကိုရှောင်ရှားခဲ့သလို(စာနှင့်ပတ်သက်တာကလွဲလို့)..မောင်ကလည်း  ကျွန်မ မကြိုက်သောအကြောင်းအရာကိစ္စများကိုဘယ်သောအခါမှမလုပ်ခဲ့ပေ..။မောင်နှင့်ကျွန်မတို့ချစ်ခရီးလမ်းသည် တစ်နှစ်မပြည့်ခင်အချိန်အထိ ဖြောင့်ဖြူးသာယာခဲ့ပါသည်..။
 မောင်နှစ်မနှစ်ဦးတည်းသာရှိပြီးအငယ်ဆုံးဖြစ်သောမောင့်ကိုမောင့်မိသားစုက